ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Sunday, 23 October 2011

ကျိန်စာ

ချစ်သူပေးတဲ့အမုန်းတွေက
နှလုံးသားရဲ့ရူးသွပ်မှုအတွက်
ဒဏ်ခက်တဲ့ကျိန်စာလား?
ခါးသီးတဲ့အလွမ်းညတွေက
နှလုံးသားရဲ့ရင်ခုန်သံတွေအတွက်
မင်းပေးတဲ့ချစ်သူများနေ့လက်ဆော
င်လား?
အထီးကျန်နေ့ရက်တွေက
ငါပေးလိုက်တဲ့မေတ္တာတွေအတွက်
ထိုက်တန်တဲ့ဂုဏ်ပြုခြင်းလား?
ရင်ထဲကဒဏ်ရာတွေက
ဒူးထောက်နေတဲ့ငါ့အတွက်
ရက်စက်တဲ့ကြင်နာမှုတွေလား?
နှလုံးသားခြင်းစီးချင်းထိုးတဲ့ပွဲမှာ
အမုန်းဓါးပါးပါးလေးနဲ့
နှလုံးသားတည့်တည့်ထိုးခဲ့သူရယ်
ငါအလံဖြူပြပါတယ်...။

No comments:

Post a Comment