ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Sunday, 23 October 2011

မောင့်အသည်း


ဝေးတစ်နေရာဌာနေဆီက
ပြေးကာလေလာချင်သည်ပ
ပေးမလာကံကြမ္မာရယ်ကြောင့်
ရေးကာလေစိတ်မှာဖြေပေါ့
ဆွေးတဲ့အကြောင်း...
ဖုန်းကိုလေဆက်ချင်ပေမယ့်
ကုန်းကာလေရှာတဲ့ပိုက်ဆံ
သုံးတာတွေကုန်ကုန်သွားလို့
ပြုံးကာလေမေးလိုက်ချင်ရဲ့
မုန်းလိုက်ပြီလား...
ချစ်သူရေ
စစ်မေတ္တာဆိုတာထာဝရ
ထစ်ကောက်တာသဘာဝမို့
ပစ်ကာလေပြေးမသွားနဲ့
ချစ်တဲ့မောင့်အသည်း

No comments:

Post a Comment