ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Tuesday, 25 October 2011

စင်ကာပူတွင် S Pass , PR ဖြစ်ရန် မလိုဘဲ ကွန်ဒို တိုက်ခန်းများ ဝယ်ယူနိုင်၊ ဝယ်ယူရာတွင် တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းသာ ကနဦး ပေးသွင်း ရမည်

မြန်မာနိုင်ငံသားများသည် စင်ကာပူတွင် S Pass, PR, Citizen ဖြစ်ရန် မလိုဘဲ အဆင့်မြင့် ကွန်ဒို၊ လုံးချင်း အိမ်ရာ၊ ဆိုင်ခန်း၊ ရုံးခန်းများကို ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ဝယ်ယူရာ၌လည်း တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းကိုသာ ကနဦး ပေးချေ ရမည် ဖြစ်ကြောင်း ERA Realty Network Pte Ltd. ရန်ကုန်ရုံးခွဲမှ ဒေါ်ဥမ္မာတင်မောင် က ၇-၉-၂ဝ၁၁ ရက်တွင် ပြောကြားသည်။
ထိုသို့ ဝယ်ယူပြီးနောက် တန်ဖိုး၏ အများဆုံး ၈ဝ ရာခိုင်နှုန်းကို
United Overseas Bank က အတိုးနှုန်း သက်သက်သာသာဖြင့်
နှစ်ရှည် နှစ် ၃ဝ အထိ ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
''အိမ်ရာ၊ တိုက်ခန်း၊ ကွန်ဒိုတွေ ဝယ်ရာမှာ တချို့ကတော့ သားသမီးတွေ ကျောင်းတက်နေလို့ ကျောင်းနဲ့ နီးတဲ့ နေရာ
ဒါမှမဟုတ် MRTနဲ့ နီးတဲ့ နေရာတွေကို ရွေးချယ် ဝယ်ယူ ကြတယ်။ ဈေးနှုန်း ကတော့ မြန်မာပြည်လို ပါပဲ နေရာ ကောင်းရင် ကောင်းသလို ဈေးပေး ရပါတယ်။ ဝယ်ယူရာမှာလည်း ဝယ်ယူသူရဲ့ Passport နံပါတ် ရှိရင် ဝယ်လို့ ရပါတယ်။ ခိုင်မာမှု အနေနဲ့ ကတော့ စာချုပ် စချုပ်ကတည်းက ရှေ့နေနဲ့ တစ်ခါတည်း ဆောင်ရွက်တဲ့ အတွက် ယုံကြည် စိတ်ချ ရပါတယ် '' ဟု ယင်းက ပြောကြားသည်။
UOB ဘဏ်မှ ငွေချေးရာတွင် ချေးသူ၏ အသက်ပေါ် မူတည်၍ နှစ်ကာလ အနည်းအများ သတ်မှတ်၍ ချေးပေးကြောင်း၊ အသက် ၇ဝ နှစ်ကို အခြေခံပြီး အသက် ၅ဝ နှစ် ဆိုလျှင် နှစ် ၂ဝ ချေးပေးကြောင်း၊ ဘဏ်တိုးနှုန်းမှာလည်း အလွန် နည်းကြောင်း၊ အိမ်ရာ ဝယ်ယူပြီး ရင်းနှီး မြှုပ်နှံချင်သူများ အတွက်လည်း ၎င်းတို့ ကုမ္ပဏီမှ အိမ်ရာ ပြန်လည် ငှားရမ်း ထားပေးကြောင်း သိရသည်။ ''ဒီတစ်ခေါက်မှာ တွေ့ရတာက လူငယ် နှစ်ဦးက စပ်ပြီးတော့ အိမ်ရာ ဝယ်ယူ လာကြတယ်။ ပြီးတော့ အိမ်ကို အငှား ပြန်ချတယ်။
ငှားလို့ ရတာကို တစ်ဝက်စီ ပြန်ယူတာမျိုး။ ရောင်းလို့ ရတဲ့ အမြတ်ကို ခွဲယူ တာမျိုး တစ်ဦးတည်း မဟုတ်ဘဲ စီးပွားရေးကို စပ်တူ လုပ်လာတာ တွေ့ရတယ်။ အိမ်ရာ ဝယ်ယူရာမှာလည်း ဝယ်ချင်တဲ့ ရပ်ကွက်ကို ပြောရင် ဟိုအထိ သွားစရာ မလိုဘဲ အဲဒီကနေ ရောင်းစရာ ရှိတဲ့ အိမ်ကို ပြပေးမယ်၊ ကြိုက်ပြီဆိုမှ ဟိုမှာ သွားပြီး ငွေချေ လက်မှတ် ထိုးရုံပဲ။ စာချုပ် ချုပ်တာကလည်း တရားဝင် ရှေ့နေနဲ့ စာချုပ်ချုပ်ဖို့ အတွက် ခိုင်မာတာကို ယုံကြည် နိုင်တယ်။ မြန်မာနိုင်ငံသားတွေ စင်ကာပူ အိမ်ရာ ဝယ်ယူတာ များလာတယ် '' ဟု ယင်းက ဆက်လက် ပြောကြားသည်။
ယခု စင်ကာပူတွင် ရောင်းချသည့် တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းများမှာ အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင်များ ဖြစ်ပြီး မိမိ ကြိုက်နှစ်သက်သည့် နေရာကို ရွေးချယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

အိမ်ရာ တိုက်ခန်း ဝယ်ယူမှုတွင် ယခင်က ကြိုပွိုင့် စနစ်ဖြင့် ဝယ်ယူရပြီး
ငွေကျေမှ တိုက်ခန်းပေါ် တက်နေခွင့် ရသည့် စနစ်ပုံစံကို ကျော်လွန်၍
တိုက်ခန်း၊ ကွန်ဒို ဝယ်ယူလိုသူများ အတွက် လုံခြုံ စိတ်ချမှု အပြည့်အဝ ရစေနိုင်မည့် စနစ် တစ်ခု ဖြစ်သော ကျသင့်ငွေ၏ ထက်ဝက်ကို ဆောက်လုပ်ရေး ကုမ္ပဏီသို့ ပေးသွင်းရုံဖြင့် ချက်ချင်း အိမ်ပေါ် တက်ရောက် နေနိုင်မည့် စနစ်
ကို ၆-၉-၂ဝ၁၁ ရက်က စတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ငွေတစ်ဝက်ချေ၊ ချက်ချင်း တိုက်ခန်းပေါ် တက်နေရမည့် စနစ် အတွက် ဘဏ်တစ်ခုက
အာမခံ ထားပေးရမည် ဖြစ်ကာ လိမ်ညာမှုများ ရှိစေနိုင်သော ကြိုပွိုင့် စနစ်၏ အားနည်းချက်ကို ပြုပြင်ပြီးသား ဖြစ်စေ နိုင်သည့် စနစ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော ရှိုင်း ကုမ္ပဏီများ အုပ်စုက စတင် အကောင်အထည် ဖော်ခြင်း ဖြစ်ကာ ၎င်း စနစ် အတွက် ကမ္ဘောဇဘဏ် က အပြည့်အဝ အာမခံချက် ပေးထားသည် ဟု သိရသည်။ ''ကျွန်တော်တို့ ဆီက ဆောက်ပြီးသား တိုက်ခန်းတွေ၊ ကွန်ဒိုမီနီယံတွေ အားလုံးထဲက မရောင်းသေးတဲ့ အခန်းတွေ အားလုံးကို ငွေတစ်ဝက် ချေလိုက်တာနဲ့ ချက်ချင်း အိမ်ပေါ် တက်နေလို့ ရမယ့် ပုံစံကို အခု လုပ်နိုင်ခဲ့ ပါပြီ။ ဒီအတွက် ဘဏ်ရဲ့ အကူအညီကို အများကြီး ယူရပါတယ်။ တိုက်ခန်း ဝယ်ချင်တဲ့သူက တိုက်ခန်း ဒါမှမဟုတ် ကွန်ဒိုမီနီယံ အခန်းရဲ့ ကျသင့်ငွေ ၅ဝ ရာခိုင်နှုန်းကို ကျွန်တော်တို့ ဆီမှာ တိုက်ရိုက် ပေးချေ လိုက်ရုံနဲ့ ဘဏ်ကနေ ကျန်တဲ့ငွေကို အကျေ ပေးချေ သွားမှာပါ။
ဘဏ်ကိုတော့ ဝယ်ယူတဲ့သူက အရစ်ကျငွေ ပြန်သွင်း ရပါမယ်။ ပြောရရင်တော့ နိုင်ငံတကာမှာ သုံးနေတဲ့ ဘဏ်စနစ်နဲ့ ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းတဲ့   Hire Purchasing စနစ်ရဲ့ ပထမေ ခြလှမ်း အစလို့ပဲ ပြောရမှာပါပဲ'' ဟု ရှိုင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဘဏ် စနစ်ဖြင့် ထိန်းချုပ်ရာတွင် ဝယ်ယူမည့် သူသည် မှတ်ပုံတင် မိတ္တူ၊ သန်းခေါင်စာရင်း၊ မိတ္တူ
ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ စသည် တို့ကို ယူဆောင် လာရမည် ဖြစ်ပြီး ဘဏ်တွင် အပ်နှံထားရမည် ဖြစ်ကာ အာမခံ နှစ်ဦး
ပါဝင် လက်မှတ် ထိုးရမည် ဖြစ်ကြောင်း သိရသည်။
''ဘဏ် ကနေ ငွေကို အရစ်ကျ ပေးချေခွင့် ပေးတယ် ဆိုပြီး အိမ်ပေါ် တက်နေပြီးရင် မပေးဘူးကွာလို့ လုပ်လို့ မရအောင်
ဘဏ်က
အိမ်ရဲ့ ပိုင်ဆိုင်မှု အထောက်အထားကို သိမ်းဆည်း ထားပါမယ်။ လောလောဆယ် စာချုပ် ချုပ်ထားတာ တစ်နှစ်ပါ။ တစ်နှစ်
အတွင်းမှာ အရစ်ကျ ပြန်ဆပ်ပေးရမှာ ဖြစ်ပြီး ငွေကျေတာနဲ့ ပိုင်ဆိုင်မှုကို ပေးအပ် ပါ့မယ် ဆိုတဲ့ သဘော တူညီမှုလည်း ပါရ ပါမယ်။ ဘဏ်ကနေ အိမ်၊တိုက်ခန်း ဝယ်ပေးတဲ့ ဝန်ဆောင်မှု အပေါ် မှာတော့ ဝန်ဆောင်ခနဲ့ အတိုးနှုန်းကို လက်ရှိနှုန်း အတိုင်း ကောက်ခံမှုတွေလည်း ပါပါတယ်'' ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ငွေ တစ်ဝက်ချေ
စာချုပ် ချုပ်ပြီး အိမ်ပေါ် ချက်ချင်း တက်နေ ဆိုသည့် စနစ်မှာ ကြိုပွိုင့် စနစ်ထက် များစွာ စိတ်ချ လုံခြုံမှု ရှိပြီး ငွေကျေသည့်တိုင် တိုက်ခန်းပေါ် မတက်ရသေးသည့် သောကမှ ကင်းဝေး စေနိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရှိုင်းကုမ္ပဏီ အုပ်စုမှ စတင် လိုက်ပြီ ဖြစ်သော အဆိုပါ စနစ်အတွက် ဝယ်ယူ ရရှိ နိုင်မည့် တိုက်ခန်းနှင့်
ကွန်ဒိုမီနီယံများမှာ ကန်တော်ကြီးပတ်လမ်း၊ ၂၅-လမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဆိပ်ကမ်းသာလမ်း၊ သိမ်ဖြူလမ်းနှင့် ၈ မိုင်မှ ကွန်ဒိုမီနီယံများ ဖြစ်ကာ အာမခံ နှစ်ဦး လက်မှတ် ရေးထိုး ပေးရမည့် အနေအထား အတွက် တိုက်ခန်း
ဝယ်ယူသူ အချင်းချင်း ထောက်ခံ လက်မှတ် ရေးထိုး ပေးလျှင်လည်း ရနိုင်ကြောင်း သိရသည်။ 

မေးကမျှဝေသည်




































































No comments:

Post a Comment