ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Monday, 7 November 2011

၂၇၅ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထ်ီဆုမဲပေါင်း ၂၃၆ ဆုကို တိုးမြှင့်ပေးအပ်မည်

လာမည့် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ဖွင့်လှစ်မည့် ၂၇၅ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၃၀၀ နှင့်ကျပ်သိန်း ၂၀၀ ဆု တစ်ဆုစီအပါအ၀င် ထီဆုမဲပေါင်း ၂၃၆ ဆုကို တိုးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၇၄ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ထီဆုမဲပေါင်း ၁၄၇၇၁ ဆုကို ဖွင့်လှစ်ပေးခဲ့ပြီး ကျပ်သိန်း ၁၀၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၅၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၃၀၀ ဆု ၂ ဆု၊ ကျပ်သိန်း ၂၀၀ ဆု ၄ ဆု၊ ကျပ်သိန်း ၁၀၀ ဆု ၁၄ ဆု၊ ကျပ် ၁၀ သိန်းဆု ၃၂၂ ဆု၊ ကျပ် ၅ သိန်း ဆု ၂ ဆု၊ ကျပ် ၃ သိန်းဆု ၁၄၄ ဆု၊ ကျပ် ၂ သိန်းဆု ၁၃၂၀ ဆု၊ ကျပ် ၁ သိန်းဆု ၁၂၉၆၁ ဆုတို့ ပါဝင်ကြောင်း သိရှိရသည်။ ၂၇၅ ကြိမ်မြောက် ထီဖွင့်ပွဲတွင်မူ ကျပ် သိန်း ၁၀၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၅၀၀ ဆု ၁ ဆု၊ ကျပ်သိန်း ၃၀၀ ဆု ၃ ဆု၊ ကျပ်သိန်း ၂၀၀ ဆု ၅ ဆုနှင့် ကျပ်သိန်း ၁၀၀ ဆု ၁၄ ဆု အပါအ၀င် ဆုမဲပေါင်း ၁၅၀၀၇ ဆု ကို ဖွင့်လှစ်၍ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
“၂၇၅ ကြိမ်ထီရောင်းချတဲ့နေ ရာမှာ ထီအက္ခရာကို တစ်လုံး တိုး ထုတ်ထားပါတယ်။ အရင် ၂၇၄ ကြိမ်မြောက်က ထီအက္ခရာ ၂၄ လုံး နဲ့ထုတ်ခဲ့ရာက အခု ထီအက္ခရာ ၂၅ လုံးထုတ်ထားပါတယ်။ ထီအက္ခရာ တစ်လုံးတိုးလိုက်တဲ့အတွက် ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးထုတ်လိုက်ပါတယ်။ ထီဝယ်လိုအား တက်လာတဲ့အတွက် ထီအက္ခရာကိုတစ်လုံး တိုးလိုက်တာပါ။ ထီအက္ခရာကို တိုးလိုက်တာနဲ့အမျှ သူနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ထီဆုမဲတွေကို တိုးပြီး ချီးမြှင့်ပေးတာဖြစ်ပါတယ်။ ၂၇၅ ကြိမ်မြောက်မှာ ဆုကြီးထဲက ကျပ် သိန်း ၃၀၀ ဆုတစ်ဆု၊ ကျပ်သိန်း ၂၀၀ ဆုတစ်ဆုစီတိုးပြီး ကျန်တဲ့ ဆုမဲတွေကိုလည်း တိုးထားပါတယ်။ တိုးတဲ့ဆုမဲပေါင်းအရေတွက်က ၂၃၆ ဆုဖြစ်ပါတယ်”ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
ထီဆုမဲပေါင်း ၂၃၆ ဆုတိုး မြှင့်လိုက်သည့်အတွက် ဆုမဲတန်ဖိုး ပေါင်း ၉၈၂ သိန်း ပိုမိုပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
လစဉ်ထီရောင်းရငွေအားလုံး ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။





elevenမှကူးယူဖော်ပြသည်

No comments:

Post a Comment