ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Wednesday, 16 November 2011

သစ်ရွက်စိမ်းတစ်မျိုးကို လူငယ်များ မူးယစ်ထုံထိုင်းဆေးအဖြစ် အသုံးပြုလာ


 





သစ်ရွက်စိမ်းတစ်မျိုးကို လူငယ်များ မူးယစ်ထုံထိုင်းဆေးအဖြစ် အသုံးပြုလာတစ်ဖက် နိုင်ငံသို့ သွားရောက် ကာ ရော်ဘာ ခြံတွင်း ရော်ဘာ ခြစ် လုပ်ငန်း များ လုပ်ကိုင် သော မြန်မာ နိုင်ငံမှ လုပ်သားများသည် ညဘက် အလုပ်လုပ်ရာတွင် အိပ် မငိုက်ရန်နှင့် အလုပ်ကို ပိုမို လုပ်ကိုင်နိုင်ရန်အတွက် သစ်ရွက် စိမ်းတစ်မျိုးကို တိုက်ကျွေးခဲ့ရာမှ ထိုလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ၄င်း သစ်ရွက်စိမ်း ကို သယ်ဆောင်လာပြီး မိမိတို့၏ ခြံများတွင် စိုက်ပျိုးသုံးစွဲလာခဲ့ရာ တစ်စတစ်စ လူသိများလာပြီး လူငယ် များသုံးစွဲလာကြကြောင်း သိရသည်။
ယခုအခါ သံဖြူဇရပ်မြို့နယ်နှင့် ရေး မြို့နယ်အတွင်းရှိ လူငယ်များအတွင်း ပျံ့နှံ့နေပြီး မုဒုံမြို့နယ်တောင်ပိုင်း ကျေးရွာများသို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သစ်ရွက်စိမ်းမှာ ဆေးခါး ကြီးရွက်၊ မာလကာရွက်များနှင့် အနည်းငယ် ဆင်တူကြောင်း၊ ရိုးတံ ရှည်ကြောင်း၊ အရပ်အခေါ် ဘိန်း ရွက်ဟု ခေါ်ဆိုကြောင်း၊ အဆို ပါ သစ်ရွက်စိမ်းမှာ အကိုင်းကို လည်း စိုက်ပျိုး၍ရကြောင်း၊ အရွက် ကို ပါးစပ်တွင်ငုံထား၍ လည်း ကောင်း၊ ပြုတ်၍ အရည်ကို Dextro ချောင်းဆိုးပျောက်ဆေး ဖြင့်လည်းကောင်း၊ ကိုကာကိုလာ အချိုရည်ဖြင့်လည်းကောင်း ရော စပ်သောက်သုံးပါက မူးယစ် ထုံထိုင်းစေသော အာနိသင်များ ရှိလာသဖြင့် လူငယ်များအတွင်း သုံးစွဲမှုများပြားလာကြောင်း၊ အ ရွက်တစ်ရွက်လျှင် ၂၀ဝိ/၊ ၂၅၀ိ/- စသည်ဖြင့် ဝယ်ယူသောက်သုံး နေကြသောကြောင့် လူငယ်များ၏ အနာဂတ်မှာ စိုးရိမ်စရာဖြစ်လာ သဖြင့် အချိန်မီ ထိရောက်စွာ တားဆီးနှိမ်နင်းသင့်ကြောင်း ကျေး ရွာ လူကြီးများက ပြောကြား ခဲ့သည်။
fwdမှပြန်လည်ဝေမျှသည်

1 comment:

  1. ဟယ်တော်..
    ဒီသတင်းသာအမှန်ဆိုရင်
    မောင်တောသားရေ
    ဒို့မြန်မာတွေအတွက်.ဒုတ်ကောက်ပဲနော်
    တာဝန်ရှိသူတွေက.မပြောကြဘူးလား
    နောက်ဆက်တွဲ.ကြားရတာလေးရှိရင်
    တင်ပေးပါနော်
    ခင်မင်စွာဖြင့်

    ReplyDelete