ကျနော့်ဆိုဒ်လေးကိုလာလည်လို့ကျေးဇူးတင်ပါတယ် ပျော်ရွှင်ဖွယ်နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ တောသားလေးကဆုတောင်းပေးပါတယ်
မင်္ဂလာပါနော်လာလည်ကြတဲ့ကိုကိုချောနဲ့မမလှများစိတ်နှလုံးရွှင်လန်းကြပါစေနော် [ Please click me tender ]

Friday, 18 November 2011

...............တိတ်တိတ်လေး..................

.ချစ်သူသို့              မလာချင်ရင်လည်း
အတင်းမခေါ်ပါဘူးချစ်သူ
နင့်အတွက်ငါဟာ အသုံးမ၀င်ဘူးဆိုလည်း
ငါလှည့်ပြန်ပေးပါ့မယ်
ဒါပေမဲ့ ထွက်မပြေးပါနဲ့
ထားခဲ့ဖို့သေချာနေရင်တောင်
ညင်ညင်သာသာ ရွေ့လှမ်း
ငါငေးကြည့်ရင်းလွမ်းပါရစေ...........
မမုန်းလိုက်ပါနဲ့
ရက်စက်ဖို့ ရွေးချယ်ထားရင်တောင်
အပြုံူးမပျက် နင်ငါ့ကိုချစ်ခဲ့ပါတယ်လို့
ကိုယ့်ကိုကိုယ် ဖြေသိမ့်တွေး
ငါ...........တိတ်တိတ်လေးပဲလွမ်းပါရစေ....။ ။
  မေဇော်၇ဲ့ကဗျာပါ

1 comment:

  1. တောသားလေးကတော့ ကဗျာရေး
    တတ်အောင် ကောင်မလေးချောချောရှာပေးရောတ့မယ်
    ထင်တယ် :P

    ReplyDelete